Burberry London for Women

72,000 Kyats
Eau De Parfum Spray 50 ml for Women
Manufacturer: Burberry

(Zawgyi)




(Unicode)

Burberry က အမျိုးသမီးတွေအတွက်ရည်ရွယ်ပြီး ၁၉၉၅ ခုနှစ်မှာ ထုတ်လုပ်လိုက်တဲ့ Burberry Women (or) Burberry London for Women ရေမွှေးလေးက ရိုးရှင်းပြီး နှစ်လိုတပ်မက်ဖွယ်ကောင်းတဲ့ သစ်သားရနံ့နဲ့ ပန်းရနံ့တို့ပါဝင်တဲ့ရေမွှေးအမျိုးအစားဖြစ်ပါတယ်။

ပုလင်းပုံစံကို အနည်းငယ်ရင်သပ်ရှုမောဖွယ်ရာ ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။ ဒီရေမွှေးလေးဆွတ်ပြီးပြီးချင်း အရည်ရွှမ်းတဲ့သစ်သီးတွေဖြစ်တဲ့ မက်မွန်သီး၊ တရုတ်ဇီးသီး၊ သစ်တော်သီးနဲ့အနက်ရောင်ဘယ်ရီသီးတို့ရဲ့လတ်ဆတ်ချိုမြတဲ့ရနံ့ကို ခံစားရမှာပါ။

ကြည်လင်စူးရှတဲ့ စံပယ်ပန်း ရနံ့၊ စန္ဒ္ဒကူးနံ့သာရနံ့၊ သစ်ကတိုးရနံ့တို့နဲ့ လိုက်လျောညီထွေစွာပေါင်းစပ်ထားတဲ့ သစ်သားရနံ့ဆန်ဆန် ပန်းနဲ့ သစ်သီးတွေရဲ့ရနံ့ကိုခံစားရရှိနိုင်မယ့်အပြင် ကတိုးနံ့နဲ့ဗန်နီလာရနံ့တို့ကိုပါ တွဲဖက်ပြီးဖန်တီးထုတ်လုပ်ထားတာပါ။

Product tags