L’Eau D’Issey Pour Homme Gift Set

90,000 Kyats
Gift Set include 75 ml Eau De Toilette Spray for Men with 50 ml Shower Gel
Manufacturer: Issey Miyake

(Zawgyi)






(Unicode)

ထာဝရလွတ်လပ်မှုနဲ့ အေးချမ်းမှုကို သတိရခံစားမိစေဖို့ တစ်မူထူးခြားရှားပါးတဲ့ပစ္စည်းတွေကိုသုံးပြီး L’Eau D’Issey Pour Homme ရေမွှေးကို ၁၉၉၄ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။

L’Eau D’Issey Pour Homme ကို ဘယ်လိုအချိန်အခါမျိုးနဲ့မဆို လိုက်ဖက်ညီစေဖို့ ပြုလုပ်ဖန်တီးထားတာပါ။

အမျိုးသားသုံး L’Eau D’Issey ရေမွှေးမှာ သစ်သားရနံ့ဆန်တဲ့ Yuzu လိမ္မော်သီး၊ သံပုရိုသီး၊ Bergamot သီးနဲ့ Tarragon အရွက်တို့်ပေါင်းစပ်ပါဝင်တဲ့အပြင် ဇာတိပ္ဖိုလ်သီးနှင့် ကြာပန်းရနံ့တို့ပါ ထူးခြားစွာပါဝင်ပါတယ်။

သစ်သားရနံ့ကို ဆေးရွက်ကြီးရနံ့၊ စန္ဒကူး၊ သစ်ကတိုးနဲ့ Vetiver ရနံ့တို့က ပေါင်းစပ်အားဖြည့်ပေးထားတဲ့ ထူးခြားတဲ့ရနံ့ဖြစ်ပါတယ်။

ဒီ Gift Set လေးထဲမှာတော့ Issey Miyake L’Eau D’Issey Pour Homme Eau de Toilette Spray 75ml နဲ့အတူ Issey Miyake L’Eau D’Issey Pour Homme Shower Gel 50ml ဘူးလေးလည်းပါရှိပါတယ်။

Product tags